一般社団法人 Dhamma Light Myanmar Society

အသင်းစတင် ဖြစ်ပေါ်လာပုံ​

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာလူမျိုးများနှင့် ဂျပန်လူမျိုးများ ပိုမိုရင်းနှီးချစ်ခင်စွာ ဆက်ဆံနိုင်ရေး၊ ဗုဒ္ဓဘာသာဆိုင်ရာ ကိစ္စများ ဆောင်ရွက်နိုင်ရေး၊ ဘာသာရေးဆိုင်ရာ နှီးနောဖလှယ်နိုင်ရေး၊ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ဆောင်ရွက်နိုင်ရေး ၊ ဂျပန်မြန်မာ ယဉ်ကျေးမှု ဆိုင်ရာများ ပူပေါင်းနိုင်ရေး စသည်တို့ ပြုလုပ်ရန် ရည်ရွယ်၍  ဓမ္မအလင်းအဖွဲ့ကြီးကို ၂၀၂၅ ခုနှစ် မတ်လ (၅)ရက်နေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပါသည်။ 

၂၀၂၆မေလ (၇) ရက်နေ့တွင်ဂျပန်နိုင်ငံ၊ကိုဘေးမြို့၌ ကော်ပိုရိတ်နံပါတ် ၃၁၄၀၀၀၅၀၂၇၉၂၂ ဖြင့် တရားဝင် အသင်း အဖွဲ့အစည်းအဖြင့် မှတ်ပုံတင် အသိမှတ်ပြုခွင့်ရရှိခဲ့ပါသည်။

အရှင်ကေသရိန္ဒ

ဓမ္မအလင်းအဖွဲ့၏ အဓိပတိ

ဓမ္မအလင်းဆရာတော်

Kywe Kywe Hlaing

နာယက (အတိုင်ပင်ခံ)

ဓမ္မအလင်းကျောင်းတိုက်

Ei Ei Aye

နာယက (အတိုင်ပင်ခံ)

ဓမ္မအလင်းကျောင်းတိုက်

Prof. Hizuru MiKi

နာယက (အတိုင်ပင်ခံ)

ဓမ္မအလင်းကျောင်းတိုက်

Teramura Hisami

နာယက (အတိုင်ပင်ခံ)

ဓမ္မအလင်းကျောင်းတိုက်

ကောင်းမှု့အနည်းငယ် ပြုဖန်များသော် ကောင်းမှု့နှင့်ပြည့်

  • ငါ၏ အနည်းငယ်မျှသော ကောင်းမှုသည်
    ငါ့အား အကျိုးမပေးလတ္တံ့ဟု ကောင်းမှုကို
    မထီမဲ့မြင် မမှတ်ရာ။
  • မိုးပေါက်လေးများကျဖန်များသော်
    ရေအိုးကြီးပင် ပြည့်လေသကဲ့သို့
    ကောင်းမှုကို အနည်းငယ် အနည်းငယ် ပြုဖန်များသော်
    ပညာရှိသည် ကောင်းမှု့နှင့်ပြည့်လေ၏။ ပါပဝဂ်(ဓမ္မပဒ-၁၂၂)

 Dhamma Light Myanmar Society

ダルマライトミャンマーソサエティ

法人番号:3140005027922

兵庫県神戸市兵庫区下沢通1丁目5番11ー304号