ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ ) အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ ) ရည်ရွယ်ချက်
အခန်း ( ၃ ) ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ ) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ ) စည်းကမ်း
အခန်း ( ၆ ) စီမံခန့်ခွဲမှု
အခန်း ( ၇ ) မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ ) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ ) အထွေထွေ

၁။ အဖွဲ့၏ စည်းမျဉ်းများကို ၁/၂၀၂၅ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ချမှတ်ခဲ့ကြပါသည်။ ၂/၂၀၂၅ မျက်နှာစုံညီ အစည်းအဝေးကြီး၌ ဤအခြေခံမူဝါဒများကို အတည်ပြုခဲ့ကြပါသည်။

အခန်း (၂) ရည်ရွယ်ချက်

ဓမ္မအလင်း အဖွဲ့၏ ရည်ရွယ်ချက် (၃)ရပ်ရှိပါသည်။

    • ကောင်းမှုကုသိုလ်များပြုရန်
    • ဓလေ့ထုံးစံ ယဉ်ကျေးမှုကိစ္စများဆောင်ရွက်ရန်
    • အဖွဲသားများ အချင်းချင်းအချိတ်ဆက်ရစေရန်

          ဗုဒ္ဓ၏အဆုံးအမနှင့်အညီ အပြစ်မရှိ၊ မိမိသူတစ်ပါး နှစ်ဦးလုံး ဝမ်းသာခြင်းဖြစ်စေနိုင်သောအမှု “ကောင်းမှု” ဟုဆိုလိုသည်။ ကောင်းမှုအတွင်း၌ အများအကျိုးပြု ပရဟိတလုပ်ငန်းများ, ဒါန သီလ ဘာဝနာ လုပ်ငန်းများ အားလုံးအကျုံးဝင်သည်။
          ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်သက်ဆိုင်သော အခမ်းအနားများကို ဆိုလိုသည်။ ဥပမာ – မြန်မာ့ ဓလေ့ ထုံးတမ်းအခမ်းအနား ပွဲလမ်းသဘင်များဖြစ်သော သင်္ကြန်ပွဲ, တန်ဆောင်တိုင်မီးထွန်းပွဲ, ကထိန်ပွဲ စသည်များ။

(က) ကောင်းမှု့ကုသိုလ်များ ပြုလုပ်ရန်

ဗုဒ္ဓ၏အဆုံးအမနှင့်အညီ အပြစ်မရှိ၊ မိမိသူတစ်ပါး နှစ်ဦးလုံး ဝမ်းသာခြင်းဖြစ်စေနိုင်သောအမှု “ကောင်းမှု” ဟုဆိုလိုသည်။ ကောင်းမှုအတွင်း၌ အများအကျိုးပြု ပရဟိတလုပ်ငန်းများ, ဒါန သီလ ဘာဝနာ လုပ်ငန်းများ အားလုံးအကျုံးဝင်သည်။

( ခ ) ဓလေ့ထုံးစံ ယဉ်ကျေးမှုကိစ္စများဆောင်ရွက်ရန်

ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်သက်ဆိုင်သော အခမ်းအနားများကို ဆိုလိုသည်။

ဥပမာ – မြန်မာ့ ဓလေ့ ထုံးတမ်းအခမ်းအနား ပွဲလမ်းသဘင်များဖြစ်သော သင်္ကြန်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်ပွဲ စသည်များ။

( ဂ ) အဖွဲသားများ အချင်းချင်းအချိတ်ဆက်ရစေရန်

နိုင်ငံတကာအသီးသီးမှ အဖွဲ့ဝင်ထားသည့် သူများသည် လည်းကောင်း၊ ဂျပန်နိုင်ငံအတွင်းရှိ မြို့အသီးသီးမှ အဖွဲ့ဝင်ထားသည့် ပုဂ္ဂိုလ်များသည်လည်းကောင်း အဖွဲ့ဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် သာသနာအကျိုးများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာနှင့်အညီ ပွဲများပြုလုပ်ကျင်းပရာတွင် မြန်ဆန်ချောမွေ့စွာဖြင့် ပြီးစီးစေရန်နှင့် အဖွဲ့ဝင်များ ပိုမိုစည်းလုံးညီညွတ်ကြစေရန် ရည်ရွယ်ပါသည်။