ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ )  အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ )  ရည်ရွယ်ချက်
အခန်း ( ၃ )  ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ )  အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ )  စည်းကမ်း
အခန်း ( ၆ )  စီမံခန့်ခွဲမှု
အခန်း ( ၇ )  မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ )  ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ )  အထွေထွေ

အခန်း (၅) စည်းကမ်း

(က) အဖွဲအစည်း၏ အမည်ကိုသုံး၍ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
 
( ခ ) အခြားသော အဖွဲအစည်း၊ အခြားသော ဘာသာနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်း၊ စိတ်နှလုံး ညိုးနွမ်းအောင်ပြောဆိုခြင်း မပြုရ။
( ဂ )   အဖွဲအတွင်း၌ ဂုဏ်သိက္ခာရှိသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ပီသစွာ နေထိုင်ပြုမှု ပြောဆိုရမည်။ ဂါရဝ,နိဝါတတရားလက်ကိုင်ထား၍ မေတ္တာနှင့်သည်းခံ ခြင်းတရားများ ကျင့်သုံးရမည်။
 
(ဃ) မိမိ၏ လုပ်ရပ်ကြောင့် မိမိနိုင်ငံ, လူမျိုးနှင့် အဖွဲအစည်း၏ ဂုဏ်သိက္ခာမထိခိုက်စေရ။
( င ) အဖွဲ၌ကုသိုလ်ရေး ကိစ္စများဆောင်ရွက်နေချိန် အရက်သေစာ သောက်စားခြင်းမပြုရ။ အသင်းဝင်ကဒ် (သိုမဟုတ်) အဖွဲ၏ရင်ထိုးကို ချိတ်ဆွဲထားရမည်။
 
( စ ) ရန်ပုံငွေများတိုးပွားအောင် အတိုးနှင့် ငွေချေးခြင်း, လောင်းကစားအမှုလုပ်ခြင်းမပြုရ၊ ဘဏ်၌ စနစ်တကျ အပ်ထားရမည်။
(ဆ) သက်ဆိုင်ရာအစိုးရများက ချမှတ်ထားသော စည်းကမ်းဥပဒေများနှင့် အညီနေထိုင် ကြရမည်။
 
( ဇ ) အသင်းသူ အသင်းများအား အဓမ္မငွေကြေးကောက်ခံခြင်း, အလှူခံခြင်းများ မပြုရ။”
 
( ဈ ) အလှူဒါနပြုသူများက မည်မျှပဲလှူလှူ အလှူရှင်များ၏ ကုသိုလ်စိတ်မပျက်အောင် ရိုသေလေးစားစွာ ခံယူကြရမည်။

(အဖွဲ့၏ အမည်ကိုသုံး၍ နိုင်ငံရေးနှင့်သက်ဆိုင်သော ထုတ်ပြန်ချက် ကြေငြာချက်များမပြုလုပ်ရ။ ရိုသေထိုက်သူကို ရိုသေလေးစားတတ်ခြင်းဟူသော သူတော်ကောင်းလက္ခဏာ၊ မာန်မာန ထောင်လွှားခြင်းမရှိ, မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းတည်းဟူသော သူတော်ကောင်းလက္ခဏာ သက်ဆိုင်ရာ အစိုးရ ဥပဒေများကို ချိုးဖောက်သောကိစ္စများ လုံးဝမပြုလုပ်ရဟုဆိုလိုသည်။ စေတနာ သဒ္ဓါဖြစ်ပေါ်သလောက်ကိုသာ အလှူခံခြင်းပြုရမည်။)