ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ
ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။
အခန်း ( ၁ ) အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ ) ရည်ရွယ်ချက်
အခန်း ( ၃ ) ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ ) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ ) စည်းကမ်း
အခန်း ( ၆ ) စီမံခန့်ခွဲမှု
အခန်း ( ၇ ) မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ ) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ ) အထွေထွေ
အခန်း (၉) အထွေထွေ
(က) အဖွဲသိုဝင်လိုသူသည် –
- အမည်၊
- မိဘအမည် (တစ်ဦးပါလျှင်ရသည်)၊
- ဖုန်းနံပါတ်၊
- ယခု ဂျပန်တွင်နေထိုင်နေသော လိပ်စာ ၊
- ယခင်က မြန်မာပြည်တွင် နေထိုင်ခဲ့ဖူးသော လိပ်စာ၊
- ကျွမ်ကျင်ရာ တစ်မျိုးမျိုး” ရှိခဲ့လျှင် ထည့်သွင်းဖော်ပြပါ။
( ခ ) အဖွဲသားများ၏ ကိုယ်ရေးအချက်လက်များကို စနစ်တကျ လုံခြုံစွာသိမ်းဆည်းထား ရမည်။ အခြားနေရာများတွင် အသုံးမပြုရ။
( ဂ ) အဖွဲ၏အခြေခံမူဝါဒများကိုပြုပြင်လိုလျှင်အစည်းအဝေးခေါ်ရမည်။ထိုအစည်းအဝေး၌ အမှုဆောင် (၈၀) ရာခိုင်နှုန်းတက်ရောက်ပြီး ပြုပြင်သင့်ကြောင်း ထောက်ခံသူ (၆၅) ရာခိုင်နှုန်းရမှသာ ပြုပြင်နိုင်သည်။ နာယကကြီးများ, ဆရာတော်များကန့်ကွက်လျှင် ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းမပြုရ။
(လိပ်စာများသည် အတိအကျဖြစ်ရန်မလိုပါ။ နေရာခန့်မှန်း၍ ရနိုင်လျှင် အဆင်ပြေသည်။ သိုမှသာ ထိုအရပ်ဒေသနှင့် သက်ဆိုင်သော ကိစ္စများရှိလာလျှင် ဦးစားပေးစဉ်းစားနိုင်မည်ဖြစ်သည်။ မိမိက မုန့်ကောင်းစွာလုပ်တတ်ခြင်း၊ ဒံပေါက်ချက်တတ်ခြင်း၊ ကွန်ပျူတာ အသုံးပြုနိုင်ခြင်း၊ ဂျပန်, အင်္ဂလိပ် စသော ဘာသာစကားများ ပြောဆိုနိုင်ခြင်းစသည်တိုကို ထည့်သွင်းဖော်ပြစေလိုပါသည်။ ထိုသို့သော ကိစ္စများပေါ်ပေါက်လာလျှင် လူရွေးချယ်ဖို လွယ်ကူစေရန်ဖြစ်ပါသည်။)