အဖွဲ့၏ရည်ရွယ်ချက် (၃) ရပ်

(က)    ကောင်းမှုကုသိုလ်များပြုရန်

( ခ )    ဓလေ့ထုံးစံ ယဉ်ကျေးမှုကိစ္စများဆောင်ရွက်ရန်

( ဂ )    အဖွဲ့သားများ အချင်းချင်းအချိတ်ဆက်မှုရပြီး အပြန်အလှန် ကူညီနိုင်ရန်။

အဖွဲ့၏ စည်းကမ်းများ

    • အခြားသော အဖွဲ့အစည်း၊ အခြားသော ဘာသာနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်း၊ စိတ်နှလုံး ညိုးနွမ်းအောင်ပြောဆိုခြင်း မပြုရ။
    • အဖွဲ့အတွင်း၌ ဂုဏ်သိက္ခာရှိသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ပီသစွာ နေထိုင်ပြုမှု ပြောဆိုရမည်။ ဂါရဝ၊ နိဝါတ တရားလက်ကိုင်ထား၍ မေတ္တာနှင့် သည်းခံခြင်းတရားများ ကျင့်သုံးရမည်။
    • အဖွဲ့အစည်း၏အမည်ကိုသုံး၍ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
    • မိမိ၏ လုပ်ရပ်ကြောင့် မိမိနိုင်ငံ၊ လူမျိုးနှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာမထိခိုက်စေရ။
    • အဖွဲ့၌ကုသိုလ်ရေး ကိစ္စများဆောင်ရွက်နေချိန် အရက်သေစာ သောက်စားခြင်းမပြုရ။ အသင်းဝင်ကဒ် (သို့မဟုတ်) အဖွဲ့၏ရင်ထိုးကို ချိတ်ဆွဲထားရမည်။
    • သက်ဆိုင်ရာအစိုးရများက ချမှတ်ထားသော စည်းကမ်းဥပဒေများနှင့် အညီနေထိုင်ကြရမည်။
Blank Form (#4)