ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ
ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။
အခန်း ( ၁ ) အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ ) ရည်ရွယ်ချက်
အခန်း ( ၃ ) ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ ) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ ) စည်းကမ်း
အခန်း ( ၆ ) စီမံခန့်ခွဲမှု
အခန်း ( ၇ ) မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ ) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ ) အထွေထွေ
အခန်း(၈) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
- အမှုဆောင် အချင်းချင်းဆက်သွယ်ရေးအတွက် Phone, Messenger, နှင့် Line စသည် တိုကို သင့်လျော်သလို အသုံးပြုကြရမည်။
- အဖွဲနှင့် ပြင်ပဆက်သွယ်ရေးအတွက် Website ထားရှိမည်။ Website တွင် အဖွဲ့၏လုပ်ဆောင်ချက်များကို အမြဲတင်ပေးရမည်။ Facebook Page, Group စသော Social Media များကိုလည်း အသုံးပြုရမည်။ အခါအားလျော်စွာ လူထုသိအောင် ကြော်ငြာခြင်းများ ပြုလုပ်ရမည်။ အဖွဲအမှုဆောင်များက အလှူရက်ချိန်းများကို Website တွင်ကြည့်၍ ရက်လွတ်နေ မိမိတို့ ကိုယ်တိုင် ရက်ချိန်းအသစ်ထည့်၍ လက်ခံပေးထားနိုင်သည်။
- အဖွဲ၏ ရုံးချုပ်ကို ဓမ္မအလင်းကျောင်းတိုက်တည်ရှိရာနေရာဟု သတ်မှတ်မည်။