ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ )  အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ )  ရည်ရွယ်ချက်
အခန်း ( ၃ )  ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ )  အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ )  စည်းကမ်း
အခန်း ( ၆ )  စီမံခန့်ခွဲမှု
အခန်း ( ၇ )  မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ )  ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ )  အထွေထွေ

အခန်း(၆) စီမံခန့်ခွဲမှု

(က) ရရှိလာသော အလှူငွေများကို စနစ်တကျ စီမံခန့်ခွဲ၍ စာရင်းပြုစုထားရမည်။

( ခ ) ရငွေ, သုံးငွေများကို ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရမည်။ လချုပ်စာရင်း, နှစ်ချုပ်စာရင်းများ ထားရှိ၍ အစည်းဝေးတွင်တင်ပြရမည်။ မှတ်တမ်းထားရှိရမည်။

( ဂ ) အဖွဲ၏ ရန်ပုံငွေသီးသန့်ထားရှိရမည်။ အဖွဲရန်ပုံငွေထဲမှ ရုံးခန်းငှားခ, ရေ,မီး, ဂက်(စ်) ဖိုးနှင့် ရုံးပိုင်းဆိုင်ရာ လိုအပ်ချက်များဝယ်ယူရန် အသုံးပြုရမည်။
 
(ဃ) အဖွဲအနေနှင့် လုပ်ဆောင်မည့်ကိစ္စများကို ကြိုတင်အစည်းဝေးပြုလုပ်၍ အဖွဲသား များအား သင့်လျော်သော တာဝန်များပေးအပ်ရမည်။ (အတင်းအကျပ် ခိုင်းစေခြင်း မျိုးမဖြစ်စေရ)
 
( င ) ရန်ပုံငွေရှာသော နည်းလမ်းသည် အပြစ်ကင်း၍ ကောင်းသော အလုပ်များသာဖြစ်ရမည်။

(အပြစ်ကင်း၍ ဟူသည် လူအများက မကောင်းဟု ယူဆထားသော အမှုကိစ္စများ၊ နာယကကြီးများနှင့် သံဃာတော်များက မသင့်တော်ဟုဆိုသော ကိစ္စများ၊ သက်ဆိုင်ရာ အစိုးရများက ချမှတ်ထားသော စည်းကမ်း ဥပဒေတိုနှင့် မညီညွတ်သော ကိစ္စများကို မလုပ်ရဟူဆိုလိုသည်။)