ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ )  အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ )  ရည်ရွယ်ချက်
အခန်း ( ၃ )  ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ )  အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ )  စည်းကမ်း
အခန်း ( ၆ )  စီမံခန့်ခွဲမှု
အခန်း ( ၇ )  မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ )  ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ )  အထွေထွေ

အခန်း(၈) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး

  • အမှုဆောင် အချင်းချင်းဆက်သွယ်ရေးအတွက် Phone, Messenger, နှင့် Line စသည် တိုကို သင့်လျော်သလို အသုံးပြုကြရမည်။
  • အဖွဲနှင့် ပြင်ပဆက်သွယ်ရေးအတွက် Website ထားရှိမည်။ Website တွင် အဖွဲ့၏လုပ်ဆောင်ချက်များကို အမြဲတင်ပေးရမည်။ Facebook Page, Group စသော Social Media များကိုလည်း အသုံးပြုရမည်။ အခါအားလျော်စွာ လူထုသိအောင် ကြော်ငြာခြင်းများ ပြုလုပ်ရမည်။ အဖွဲအမှုဆောင်များက အလှူရက်ချိန်းများကို Website တွင်ကြည့်၍ ရက်လွတ်နေ မိမိတို့ ကိုယ်တိုင် ရက်ချိန်းအသစ်ထည့်၍ လက်ခံပေးထားနိုင်သည်။
  • အဖွဲ၏ ရုံးချုပ်ကို ဓမ္မအလင်းကျောင်းတိုက်တည်ရှိရာနေရာဟု သတ်မှတ်မည်။