ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ
ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။
အခန်း ( ၁ ) အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ ) ရည်ရွယ်ချက်
အခန်း ( ၃ ) ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ ) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ ) စည်းကမ်း
အခန်း ( ၆ ) စီမံခန့်ခွဲမှု
အခန်း ( ၇ ) မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ ) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ ) အထွေထွေ
အခန်း (၃) ဖွဲ့စည်းပုံနှင့် တာဝန်
“ဓမ္မအလင်း”အဖွဲ့ အတွင်း၌
- ဩဝါဒစရိယဆရာတော်များ
- နာယကကြီးများ
- အမှုဆောင် (သို့မဟုတ်) အကျိုးတော်ဆောင်များပါဝင်သည်။
အဖွဲ့၏ စည်းမျဉ်းများကို ၁/၂၀၂၅ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ချမှတ်ခဲ့ကြပါသည်။ ၂/၂၀၂၅ မျက်နှာစုံညီ အစည်းအဝေးကြီး၌ ဤအခြေခံမူဝါဒများကို အတည်ပြုခဲ့ကြပါသည်။
(က) သြဝါဒါစရိယဆရာတော်များ
( ခ ) နာယကကြီးများ
အသက် (၅၀) အထက်ဖြစ်ရမည်။ သီလ, သမာဓိ, ပညာအားဖြင့် လေးစားထိုက်သောပုဂ္ဂိုလ်များဖြစ်ရမည်။ နာယကကြီးများသည် အဖွဲ့ကို ထိန်းကျောင်းပေးရန်ဖြစ်သည်။ သံဃာတော်များအား နာယကကြီးများမှ လျှောက်ထားခြင်း, ဂုဏ်ပြုလက်မှတ်များကို နာယကကြီးများက အဖွဲ့၏ကိုယ်စား ချီးမြှင့်ပေးခြင်း စသည်တို့ပြုလုပ်ရမည်။
အဖွဲ့သားများမှ နာယကကြီးများကို ရိုသေလေးစားခြင်း, အခါအခွင့်သင့်လျှင် အသက်ဂုဏ်, ဝါကြီးသူအနေဖြင့် မြန်မာရိုးရာအစဉ်အလာနှင့်အညီ ကန်တော့ခြင်းဟူသော “ဂါရဝေါ စ
နိဝါတော စ” မင်္ဂလာနှင့်အညီ နေထိုင်ကြရမည်။
( ဂ ) အသင်းသား, အမှုဆောင် (သို့မဟုတ်) အကျိုးတော်ဆောင်များ
အသင်းသားများနှင့် အမှုဆောင် (သို့မဟုတ်) အကျိုးတော်ဆောင်လူကြီးများပါရှိမည်။ အဖွဲ့၏ကိစ္စများကို မိမိတို့စွမ်းနိုင်သလောက် ကူညီဆောင်ရွက်ကြရမည်။ အဖွဲ့၏ လုပ်ငန်းများကို လုပ်ကိုင်နေချိန် ယဉ်ကျေး၍ စိတ်ဓာတ်အဆင့်အတန်းမြင့်မားသော အမျိုးကောင်းသား, အမျိုးကောင်းသမီးများဖြစ်သည့်အားလျော်စွာ ပြုမူ ပြောဆို နေထိုင်ကြရမည်။