ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ )  အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ )  ရည်ရွယ်ချက်
အခန်း ( ၃ )  ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ )  အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ )  စည်းကမ်း
အခန်း ( ၆ )  စီမံခန့်ခွဲမှု
အခန်း ( ၇ )  မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ )  ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ )  အထွေထွေ

အခန်း(၇) မှတ်တမ်းနှင့်အစီရင်ခံစာ

  • လုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားရမည်။ အစည်းအဝေးမှတ်တမ်း, ထုတ်ပြန် ကြေငြာချက် စသည်တို့၌ စာစဉ်အမှတ်ပါရမည်။
  • ဂုဏ်ပြုလက်မှတ် ပေးထိုက်သူများကို မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ရမည်။
  • နှစ်ချုပ်, လချုပ် စာရင်းများကို အစည်းဝေး၌ အစီရင်ခံစာအဖြစ် တင်သွင်းရမည်။
  • အဖွဲသားများ၏ အကြံပြုစာ အစီရင်ခံစာများကို လက်ခံဆွေးနွေးကြရမည်။
  • ဂုဏ်ပြုလွှာများတွင် တာဝန်ခံနှင့် သက်သေ(အမှုဆောင်)၏ လက်မှတ်ပါရှိရမည်။

မှတ်ချက် ။          ။ အောက်ပါစည်းကမ်းကို သေချာစွာလိုက်နာရမည်။

    • ငါးသောင်း အောက်ဖြစ်လျှင် သက်သေအဖြစ် အမှုဆောင်တစ်ဦး လက်မှတ်ထိုးရမည်။ ငါးသောင်း အထက်ဖြစ်လျှင် သက်သေအဖြစ် အမှုဆောင်တစ်ဦးနှင့် နာယကတစ်ဦး လက်မှတ်ထိုးရမည်။
    • အဖွဲ့၏လုပ်ဆောင်မှုများ၌ လာရောက်သူအဖွဲဝင်စာရင်းကို မှတ်တမ်းထားရှိရမည်။
    • ငါးသောင်းဟူသည် ယန်းငွေ ငါးသောင်း (သိုမဟုတ်) ထိုတန်ဖိုးနှင့် ညီမျှသော ပမာဏ ဆိုလိုသည်။