ဓမ္မအလင်းအဖွဲ့၏ အခြေခံမူဝါဒများ

        ကိုဘေးမြို့၊ ဟရောဂိုစီရင်စု၊ ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားအပ်သော ဓမ္မအလင်းအဖွဲ့၏ အခြေခံ မူဝါဒများကို အောက်တွင်ဖော်ပြပါ အခန်း (၉) ခန်းဖြင့် သတ်မှတ်အပ်ပါသည်။

အခန်း ( ၁ ) အဖွဲ့၏ အမှတ်တံဆိပ်
အခန်း ( ၂ ) ရည်ရွယ်ချက်
အခန်း ( ၃ ) ဖွဲ့စည်းပုံနှင့် တာဝန်
အခန်း ( ၄ ) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ
အခန်း ( ၅ ) စည်းကမ်း
အခန်း ( ၆ ) စီမံခန့်ခွဲမှု
အခန်း ( ၇ ) မှတ်တမ်းနှင့် အစီရင်ခံစာ
အခန်း ( ၈ ) ဆက်သွယ်ရေးနှင့် ပြန်ကြားရေး
အခန်း ( ၉ ) အထွေထွေ

အခန်း (၄) အလုပ်လုပ်ရန်နှင့် လုပ်ဆောင်ပုံ

(က) ဓမ္မအလင်းအဖွဲ့သည် ပရဟိတလုပ်ငန်းများ၊  မြန်မာ့ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ၊ သာသနာရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရန်ဖြစ်သည်။ (အကုသိုလ်ဖြစ်စေမည့်အမှုများမပါစေရ။)

( ခ ) အလုပ်လုပ်ဆောင်သောအခါ ဦးစွာအစည်းအဝေးပြုလုပ်ရမည်။ အစည်းအဝေးသို့ သြဝါဒစရိယနှင့် နာယကကြီးများ မတက်ရောက်နိုင်ပါက အစည်းအဝေးဆုံးဖြတ်ချက်ကို အကြောင်းကြားစာပို့ခြင်း အသိပေးခြင်းပြုလုပ်ရမည်။

( ဂ ) အစည်းအဝေး၌ ရည်ရွယ်ချက်၊ လုပ်ဆောင်ရသောအကြောင်း၊ လုပ်ဆောင်မည့်ပုံစံ၊ တာဝန်ခွဲဝေခြင်း၊ လုပ်ဆောင်မည့် အချိန်၊ နေ့ရက်နှင့် နေရာ၊ ခန့်မှန်းလူဦးရေ၊ ဧည့်ခံရေးကိစ္စ၊ ဖိတ်ကြားမည့်အစီအစဉ် စသည်တို့ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဆွေးနွေးရမည်။

(ဃ) ကြီးမားသောကိစ္စများဖြစ်ပါက အမှုဆောင်များက အကြိုအစည်းဝေး ဦးစွာလုပ်ပြီးမှ အဖွဲ့သားများနှင့် အတည်ပြုအစည်းအဝေးလုပ်ရမည်။

( င ) အစည်းအဝေးဆုံးဖြတ်ချက်ကို ရေးသား၍ မှတ်တမ်းထားရှိရမည်။ နာယကကြီးများ၊ သံဃာ တော်များက မလုပ်သင့်ကြောင်းပြောသော ကိစ္စရပ်များကို လက်ခံရမည်။